အဓိကအကြောင်းအရာသို့ ကျော်ရန်

ဝန်ဆောင်မှု စည်းကမ်းချက်များ

ဒို့ကွန်ရက်ကို အသုံးပြုခြင်းဖြင့် အောက်ပါ စည်းကမ်းချက်များကို လက်ခံပြီးဖြစ်ပါတယ်။

နောက်ဆုံး ပြင်ဆင်သည့်ရက် ၂၀၂၆ စက်တင်ဘာ ၈

၁. ဝန်ဆောင်မှုအကြောင်း

ဒို့ကွန်ရက်က မြန်မာလူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ Mentor တွေကို ချိတ်ဆက်ပေးတဲ့ mentorship networking platform ဖြစ်ပါတယ်။ ကျွန်ုပ်တို့က ချိတ်ဆက်ပေးရုံသာ ဖြစ်ပြီး၊ session အတွင်း ပြောဆိုတဲ့ အကြောင်းအရာတွေအတွက် တာဝန်မယူပါဘူး။

၂. အကောင့်

  • Email လိပ်စာတစ်ခုနဲ့ အကောင့်ဖွင့်ရပါမယ်။ Password မလိုပါဘူး။
  • မှန်ကန်တဲ့ အချက်အလက်တွေ ဖြည့်ရပါမယ်။ တခြားသူတစ်ဦးအဖြစ် ဟန်ဆောင်ခြင်း ခွင့်မပြုပါ။
  • သင့်အကောင့်နဲ့ ဖြစ်ပေါ်တဲ့ လုပ်ဆောင်ချက်တွေအတွက် သင့်မှာ တာဝန်ရှိပါတယ်။
  • တစ်ဦးလျှင် အကောင့်တစ်ခုသာ ဖွင့်ပါ။

၃. Session များ

Session အများစုက အခမဲ့ဖြစ်ပါတယ်။ Mentor တွေက စေတနာနဲ့ ပါဝင်ကူညီပေးနေတာပါ။

Session အကြာချိန်ကို Mentor က သတ်မှတ်ပါတယ် (၃၀၊ ၄၅ ဒါမှမဟုတ် ၆၀ မိနစ်)။ အချိန်အားလုံးကို Myanmar Time (MMT, UTC+6:30) နဲ့ ဖော်ပြပါတယ်။

  • Mentor အနေနဲ့ — Session မတိုင်မီ meeting link ထည့်ပေးရပါမယ်။ အချိန်မီ မထည့်ရင် booking ကို အလိုအလျောက် ဖျက်သိမ်းပါမယ်။ Session ပြီးရင် အတည်ပြုပေးရပါမယ်။
  • Mentee အနေနဲ့ — ရွေးထားတဲ့ အချိန်မှာ တက်ရောက်ရပါမယ်။ မလာနိုင်ရင် အနည်းဆုံး ၁၂ နာရီ ကြိုတင် cancel လုပ်ပါ။

Session မစခင် ၁၂ နာရီအလိုမှာ cancel လုပ်ရင် attendance rate ကို မထိခိုက်ပါဘူး။ ထပ်ခါထပ်ခါ မလာဘဲ ပျက်ကွက်ရင် booking လုပ်ခွင့်ကို ခေတ္တ ရပ်ဆိုင်းနိုင်ပါတယ်။

၄. အခကြေးငွေယူ session များ

အခမဲ့ session ၁၀ ကြိမ် ပြီးမြောက်ပြီးတဲ့ Mentor တွေက အခကြေးငွေယူ session တွေ ထပ်ဖွင့်ထားနိုင်ပါတယ်။ စျေးနှုန်းကို Book မလုပ်ခင် ကြိုတင် ဖော်ပြထားပါတယ်။

ငွေပေးချေမှုကို Mentor နဲ့ Mentee နှစ်ဦး တိုက်ရိုက် စီစဉ်ရပါတယ်။ ဒို့ကွန်ရက်က မှတ်တမ်းသာ သိမ်းဆည်းပေးပါတယ်။

၅. တားမြစ်ချက်များ

အောက်ပါတို့ကို လုံးဝ ခွင့်မပြုပါ။

  • နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း
  • လိင်ပိုင်းဆိုင်ရာ မသင့်လျော်တဲ့ အပြုအမူ ဒါမှမဟုတ် စကားလုံးများ
  • ကြော်ငြာ၊ spam၊ multi-level marketing ဖိတ်ခေါ်ခြင်း
  • တခြားသူရဲ့ ကိုယ်ရေးအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခြင်း
  • Meeting link ကို ပါဝင်ခွင့်မရှိသူများထံ မျှဝေခြင်း
  • Session မှတ်တမ်း ဒါမှမဟုတ် review များကို လိမ်လည်ဖန်တီးခြင်း

၆. အကြံဉာဏ်များအပေါ် တာဝန်ခံမှု

Mentor တွေ ပေးတဲ့ အကြံဉာဏ်တွေက သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံအပေါ် အခြေခံပါတယ်။ ဥပဒေ၊ ဆေးဘက်ဆိုင်ရာ ဒါမှမဟုတ် ဘဏ္ဍာရေး ဆိုင်ရာ ပရော်ဖက်ရှင်နယ် အကြံဉာဏ် မဟုတ်ပါဘူး။ အလုပ်အကိုင် ရရှိရေးကိုလည်း အာမမခံပါ။

၇. အကောင့် ရပ်ဆိုင်းခြင်း

စည်းကမ်းချက် ဒါမှမဟုတ် Community Guidelines ကို ချိုးဖောက်ရင် အကြောင်းကြားစရာမလိုဘဲ အကောင့်ကို ရပ်ဆိုင်းနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း အချိန်မရွေး အကောင့် ပိတ်နိုင်ပါတယ်။

၈. ပြင်ဆင်ချက်များ

ဒီစည်းကမ်းချက်တွေကို ပြင်ဆင်နိုင်ပါတယ်။ အရေးကြီးတဲ့ ပြောင်းလဲမှုရှိရင် email နဲ့ အကြောင်းကြားပါမယ်။

မေးစရာရှိရင် hello@dohconyat.com ကို ဆက်သွယ်ပါ။